(ဆေးအညွှန်း)

Budesonide 200 mcg inhaler (AERONIDE)   Click to listen highlighted text! Budesonide 200 mcg inhaler (AERONIDE)

ဗျူဒက်ဆိုနိုက် ၂၀၀ မီလီဂရမ် ရှူဆေး


  အသုံး၀င်ပုံ

ပန်းနာရင်ကျပ်ရောဂါအား ထိန်းသိမ်းကုသရာတွင်
ကြိုတင်ကာကွယ်မှု ကုထုံးအဖြစ် အသုံးပြုနိုင်ပါသည်။
  Click to listen highlighted text! အသုံး၀င်ပုံ ပန်းနာရင်ကျပ်ရောဂါအား ထိန်းသိမ်းကုသရာတွင်ကြိုတင်ကာကွယ်မှု ကုထုံးအဖြစ် အသုံးပြုနိုင်ပါသည်။


ဓါတ်မတည့်ခြင်းနှင့် ကြိုတင်သတိပေးချက်

ဤဆေးသည် ခံတွင်းရှူသွင်းခြင်းအတွက်သာ အသုံးပြုရန်ဖြစ်သည်။

ဆေးအတွင်းပါ၀င်ပစ္စည်းများနှင့် ဓာတ်မတည့်လျှင်
အသုံးမပြုသင့်ပါ။

ဗျူဒက်ဆိုနိုက် နှင့် ကီတိုကိုနဇိုး ကို တစ်ပြိုင်နက်အသုံးပြုလျှင်
သတိပြု၍ သုံးစွဲသင့်သည်။
  Click to listen highlighted text! ဓါတ်မတည့်ခြင်းနှင့် ကြိုတင်သတိပေးချက် ဤဆေးသည် ခံတွင်းရှူသွင်းခြင်းအတွက်သာ အသုံးပြုရန်ဖြစ်သည်။ ဆေးအတွင်းပါ၀င်ပစ္စည်းများနှင့် ဓာတ်မတည့်လျှင်အသုံးမပြုသင့်ပါ။ ဗျူဒက်ဆိုနိုက် နှင့် ကီတိုကိုနဇိုး ကို တစ်ပြိုင်နက်အသုံးပြုလျှင်သတိပြု၍ သုံးစွဲသင့်သည်။


ရှူဆေးဗူးအသုံးပြုနည်း

ရှူဆေးဘူး အောက်ခြေတွင် လက်မကိုထားပြီး
ကျန်လက်ချောင်းများကို အပေါ်ဘက်တွင်ထားကာ

ရှူဆေးဘူးအတည့်အတိုင်း ကိုင်ပါ။ ရှူဆေးဗူး အဖုံးအားဖွင့်၍
သေချာစွာလှုပ်ပါ။

လေကို သက်တောင့်သက်သာဖြစ်သည်အထိ ရှူထုတ်ပါ။ ရှူဆေးဗူး
အတွင်းသို့ မရှူသွင်းပါနှင့်။

ရှူဆေးဘူး အသုံးပြုရန် နည်းလမ်း (၂) မျိုးရှိပါသည်။

ရှူဆေးဘူး ဂေါက်ကို အပေါ်သွားနှင့်အောက်သွားကြားတွင်
ကိုက်ထားပြီးမှ နှုတ်ခမ်းလုံအောင်ပိတ်ပါ။

ဦးခေါင်းကိုအနောက်ဘက်သို့ အနည်းငယ်မော့လိုက်ပါ။

သင့်ပါးစပ်မှ စတင်ရှူသွင်းပြီးသည်နှင့်တပြိုင်နက် ရှူဆေး၏ထိပ်ကို
ဖိထားပြီး ဖြည်းဖြည်းမှန်မှန်နှင့် အသက်ပြင်းစွာရှူသွင်းပါ။

အသက်အောင့်ထားစဉ်တွင် ရှူဆေးဗူးကို ဖယ်လိုက်ပါ။

၁၀ စက္ကန့်ခန့် အသက်အောင့် ထားပါ။

အသက်ကိုဖြည်းညှင်းစွာ ရှူထုတ်ပါ။

ဤနည်းလမ်းသည် ယခုမှ ရှူဆေးဘူး
စတင်အသုံးပြုမည့်သူများအတွက် ပိုသင့်တော်သော်လည်း
အဆုတ်အတွင်း ဆေးအနည်းငယ်သာရောက်ရှိပြီး ပါးစပ်ထဲတွင်
ဆေးများစွာကပ်ကျန်နိုင်ပါသည်။

သို့မဟုတ်

ရှူဆေးဘူးကို ပါးစပ်နှင့် ၃-၄ စင်တီမီတာအကွာမှာ ကိုင်ထားပါ။
ပါးစပ်ကိုကျယ်ကျယ်ဟထားပါ။

ဦးခေါင်းကိုအနောက်ဘက်သို့အနည်းငယ်မော့လိုက်ပါ။

သင့်ပါးစပ်မှ စတင်ရှူသွင်းပြီးသည်နှင့်တပြိုင်နက် ရှူဆေး၏ထိပ်ကို
ဖိထားပြီး ဖြည်းဖြည်းမှန်မှန်နှင့် အသက်ပြင်းစွာရှူသွင်းပါ။

အသက်အောင့်ထားစဉ်တွင် ရှူဆေးဗူးကို ဖယ်လိုက်ပါ။

၁၀ စက္ကန့်ခန့် အသက်အောင့် ထားပါ။

အသက်ကိုဖြည်းညှင်းစွာ ရှူထုတ်ပါ။

ဤနည်းလမ်းသည် အဆုတ်အတွင်း ဆေးရောက်ရှိမှု ပိုများပြီး
ပါးစပ်အတွင်းဆေးအနည်းငယ်သာ ကပ်ကျန်နိုင်ပါသည်။

ဆရာဝန်ညွှန်ကြားချက်အရ ရှူဆေးအချက်ရေ
တစ်ချက်ထက်ပိုရှူရမည်ဆိုလျှင် တစ်မိနစ်စီခြားပြီး အသုံးပြုပေးပါ။

စတီးရွိုက် (Steroid) ပါဝင်သော ရှူဆေးဖြစ်ပါက အသုံးပြုပြီးလျှင်
ပါးစပ်နှင့် လည်ချောင်းကို ရေနှင့်အာလုတ်ကျင်းပေးခြင်းဖြင့်
အသံ၀င်ခြင်းနှင့် ခံတွင်းမှိုစွဲခြင်း ကဲ့သို့သော
ဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေပါသည်။

ရှူဆေးဗူးအား ဆေးကြောနည်း

ရှူဆေးဗူးဂေါက် အဖုံးကို ဖြုတ်ပါ။

ရှူဆေးဗူးဂေါက်၏ အပေါ်ဘက်နှင့် အောက်ခြေကို ‌ရေနွေးနွေးဖြင့်
၃၀-၆၀ စက္ကန့်ခန့် ဆေးကြောပါ။

အဝတ်သန့်ဖြင့် ခြောက်အောင်ပြန်သုတ်ပါ။

‌ရေများကို ခါထုတ်ပြီး ရှူဆေးဗူးဂေါက်ကို ခြောက်သွေ့အောင်ထားပါ။
တစ်ညအိပ်ခန့်ထားလျှင် အကောင်းဆုံးဖြစ်သည်။   Click to listen highlighted text! ရှူဆေးဗူးအသုံးပြုနည်း ရှူဆေးဘူး အောက်ခြေတွင် လက်မကိုထားပြီးကျန်လက်ချောင်းများကို အပေါ်ဘက်တွင်ထားကာ ရှူဆေးဘူးအတည့်အတိုင်း ကိုင်ပါ။ ရှူဆေးဗူး အဖုံးအားဖွင့်၍သေချာစွာလှုပ်ပါ။ လေကို သက်တောင့်သက်သာဖြစ်သည်အထိ ရှူထုတ်ပါ။ ရှူဆေးဗူးအတွင်းသို့ မရှူသွင်းပါနှင့်။ ရှူဆေးဘူး အသုံးပြုရန် နည်းလမ်း (၂) မျိုးရှိပါသည်။ ရှူဆေးဘူး ဂေါက်ကို အပေါ်သွားနှင့်အောက်သွားကြားတွင်ကိုက်ထားပြီးမှ နှုတ်ခမ်းလုံအောင်ပိတ်ပါ။ ဦးခေါင်းကိုအနောက်ဘက်သို့ အနည်းငယ်မော့လိုက်ပါ။ သင့်ပါးစပ်မှ စတင်ရှူသွင်းပြီးသည်နှင့်တပြိုင်နက် ရှူဆေး၏ထိပ်ကိုဖိထားပြီး ဖြည်းဖြည်းမှန်မှန်နှင့် အသက်ပြင်းစွာရှူသွင်းပါ။ အသက်အောင့်ထားစဉ်တွင် ရှူဆေးဗူးကို ဖယ်လိုက်ပါ။ ၁၀ စက္ကန့်ခန့် အသက်အောင့် ထားပါ။ အသက်ကိုဖြည်းညှင်းစွာ ရှူထုတ်ပါ။ ဤနည်းလမ်းသည် ယခုမှ ရှူဆေးဘူးစတင်အသုံးပြုမည့်သူများအတွက် ပိုသင့်တော်သော်လည်းအဆုတ်အတွင်း ဆေးအနည်းငယ်သာရောက်ရှိပြီး ပါးစပ်ထဲတွင်ဆေးများစွာကပ်ကျန်နိုင်ပါသည်။ သို့မဟုတ် ရှူဆေးဘူးကို ပါးစပ်နှင့် ၃-၄ စင်တီမီတာအကွာမှာ ကိုင်ထားပါ။ပါးစပ်ကိုကျယ်ကျယ်ဟထားပါ။ ဦးခေါင်းကိုအနောက်ဘက်သို့အနည်းငယ်မော့လိုက်ပါ။ သင့်ပါးစပ်မှ စတင်ရှူသွင်းပြီးသည်နှင့်တပြိုင်နက် ရှူဆေး၏ထိပ်ကိုဖိထားပြီး ဖြည်းဖြည်းမှန်မှန်နှင့် အသက်ပြင်းစွာရှူသွင်းပါ။ အသက်အောင့်ထားစဉ်တွင် ရှူဆေးဗူးကို ဖယ်လိုက်ပါ။ ၁၀ စက္ကန့်ခန့် အသက်အောင့် ထားပါ။ အသက်ကိုဖြည်းညှင်းစွာ ရှူထုတ်ပါ။ ဤနည်းလမ်းသည် အဆုတ်အတွင်း ဆေးရောက်ရှိမှု ပိုများပြီးပါးစပ်အတွင်းဆေးအနည်းငယ်သာ ကပ်ကျန်နိုင်ပါသည်။ ဆရာဝန်ညွှန်ကြားချက်အရ ရှူဆေးအချက်ရေတစ်ချက်ထက်ပိုရှူရမည်ဆိုလျှင် တစ်မိနစ်စီခြားပြီး အသုံးပြုပေးပါ။ စတီးရွိုက် (Steroid) ပါဝင်သော ရှူဆေးဖြစ်ပါက အသုံးပြုပြီးလျှင်ပါးစပ်နှင့် လည်ချောင်းကို ရေနှင့်အာလုတ်ကျင်းပေးခြင်းဖြင့်အသံ၀င်ခြင်းနှင့် ခံတွင်းမှိုစွဲခြင်း ကဲ့သို့သောဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေပါသည်။ ရှူဆေးဗူးအား ဆေးကြောနည်း ရှူဆေးဗူးဂေါက် အဖုံးကို ဖြုတ်ပါ။ ရှူဆေးဗူးဂေါက်၏ အပေါ်ဘက်နှင့် အောက်ခြေကို ‌ရေနွေးနွေးဖြင့်၃၀-၆၀ စက္ကန့်ခန့် ဆေးကြောပါ။ အဝတ်သန့်ဖြင့် ခြောက်အောင်ပြန်သုတ်ပါ။ ‌ရေများကို ခါထုတ်ပြီး ရှူဆေးဗူးဂေါက်ကို ခြောက်သွေ့အောင်ထားပါ။တစ်ညအိပ်ခန့်ထားလျှင် အကောင်းဆုံးဖြစ်သည်။   


ဘေးထွက်ဆိုးကျိုးများ

ဤဆေးသည် ဖျားခြင်း၊ ထိပ်ကပ်နာ၊ ခေါင်းကိုက်ခြင်း၊
လည်ချောင်းနာခြင်း၊ ခံတွင်းခြောက်ခြင်း၊ အသံ၀င်ခြင်း၊
ခံတွင်းမှိုစွဲခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို
ဖြစ်စေနိုင်ပါသည်။
  Click to listen highlighted text! ဘေးထွက်ဆိုးကျိုးများ ဤဆေးသည် ဖျားခြင်း၊ ထိပ်ကပ်နာ၊ ခေါင်းကိုက်ခြင်း၊လည်ချောင်းနာခြင်း၊ ခံတွင်းခြောက်ခြင်း၊ အသံ၀င်ခြင်း၊ခံတွင်းမှိုစွဲခြင်း ကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကိုဖြစ်စေနိုင်ပါသည်။   


  ထားသိုသိမ်းဆည်းပုံ

အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယပ် ထက် မကျော်သောနေရာတွင်
သိမ်းဆည်းပါ။ အေးခဲမထားရ။ နေ‌ရောင်နှင့် တိုက်ရိုက်မထိတွေ့
ရန် ကာကွယ်ပါ။

အသုံးပြုပြီးသော ရှူဆေးဗူးအခွံများကို ချိုးဖျက်ခြင်း သို့မဟုတ်
မီးရှို့ခြင်း မပြုလုပ်ရပါ။ ပေါက်ကွဲစေတတ်သောကြောင့် ဖြစ်သည်။
  Click to listen highlighted text! ထားသိုသိမ်းဆည်းပုံ အပူချိန် ၃၀ ဒီဂရီဆဲလ်စီးယပ် ထက် မကျော်သောနေရာတွင်သိမ်းဆည်းပါ။ အေးခဲမထားရ။ နေ‌ရောင်နှင့် တိုက်ရိုက်မထိတွေ့ရန် ကာကွယ်ပါ။ အသုံးပြုပြီးသော ရှူဆေးဗူးအခွံများကို ချိုးဖျက်ခြင်း သို့မဟုတ်မီးရှို့ခြင်း မပြုလုပ်ရပါ။ ပေါက်ကွဲစေတတ်သောကြောင့် ဖြစ်သည်။


 

 

အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။

  Click to listen highlighted text! အထက်ပါ ဆေးအညွှန်းဖော်ပြချက်သည် လူနာအတွက်သာလျှင် အသုံးပြုရန် ဖြစ်သည်။ အခြားသိလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။  


ที่มาของข้อมูล:

1.สุชาดา ชุติมาวรพันธ์, โพยม วงศ์ภูวรักษ์, อภิฤดี เหมะจุฑา, ฐิติมา ด้วงเงิน, กิติยศ ยศสมบัติ, บรรณาธิการ. คู่มือทักษะตามเกณฑ์ความรู้ความสามารถทางวิชาชีพของผู้ประกอบวิชาชีพเภสัชกรรม (สมรรถนะร่วม) พ.ศ. 2562. นนทบุรี: บริษัท เอช อาร์ พริ้นซ์ แอนด์ เทรนนิ่ง จำกัด ; 2562   

2.Micromedex® [Database on internet]. Colorado: Thomson Reuters (Healthcare); c2020. Available from: http://www.micromedexsolutions.com /micromedex2/librarian/.


ขอความกรุณาผู้ใช้บริการตอบแบบสำรวจ และให้คำแนะนำเกี่ยวกับฉลากยาออนไลน์ (กดเพื่อตอบแบบสำรวจ) click here to access satisfaction survey

Click to listen highlighted text!