ဆေးအညွှန်း
Docusate sodium (EARWAX) Click to listen highlighted text! Docusate sodium (EARWAX)
ဆေးညွှန်း
နဖာချေးသန့်စင်ရာတွင် အသုံးပြုရန် Click to listen highlighted text! ဆေးညွှန်း နဖာချေးသန့်စင်ရာတွင် အသုံးပြုရန်
အသုံးပြုရန်မသင့်တော်သော အခြေအနေ
ဤဆေး သို့မဟုတ် ဤဆေး၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါက
အသုံးမပြုပါနှင့်။
သင့်တွင် နားစည်ပေါက်ခြင်း သို့မဟုတ်
နားအတွင်းပိုးဝင်ခြင်းဖြစ်ပွါးထားပါကအသုံးမပြုပါနှင့်။
နားယောင်ယမ်းခြင်းဖြစ်ပေါ်လာပါက
ဆေးအသုံးပြုခြင်းကိုရပ်နားပါ။
Click to listen highlighted text!
အသုံးပြုရန်မသင့်တော်သော အခြေအနေ
ဤဆေး သို့မဟုတ် ဤဆေး၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ပါကအသုံးမပြုပါနှင့်။
သင့်တွင် နားစည်ပေါက်ခြင်း သို့မဟုတ်နားအတွင်းပိုးဝင်ခြင်းဖြစ်ပွါးထားပါကအသုံးမပြုပါနှင့်။
နားယောင်ယမ်းခြင်းဖြစ်ပေါ်လာပါကဆေးအသုံးပြုခြင်းကိုရပ်နားပါ။
နားအစက်ချဆေးရည် သုံးစွဲရန်အညွှန်း
၁။ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောပါ။
၂။ ၀ေဒနာခံစားနေရသော နားကို အပေါ်သို့ စောင်းထားပါ သို့မဟုတ်
ဘေးတစောင်းလှဲလျောင်းပါ။ အကယ်၍ မိမိကိုယ်တိုင်
အစက်ချမည်ဆိုပါက ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ပြီး ခေါင်းကို
ဘေးသို့စောင်းထားခြင်းက အလွယ်ကူဆုံး ဖြစ်နိုင်သည်။
၃။ နားလမ်းကြောင်းဖွင့်ရန် နားကို အနောက်သို့ အပေါ်သို့ ဆွဲတင်ပါ။
အသက် ၃ နှစ်အောက် ကလေးအား ပေးလျှင် နားရွက်ကို အနောက်သို့
အောက်သို့ ဆွဲချပါ။
၄။ နားထဲသို့ မှန်ကန်သော ဆေးရည်အစက်အရေအတွက်ကို ထည့်ပါ။
ဆေးရည်များ နားတွင်းထဲသို့ စိမ့်ဝင်အောင် ကူညီရန် နားရွက်ပေါ်ရှိ
အရေပြားကို ညင်သာစွာ ဖိနှိပ်ပါ။
ဆေးပုလင်း၏ အစက်ချသောထိပ်ဖျားကို သင့်၏ နား၊
လက်ချောင်းများ သို့မဟုတ် အခြားမျက်နှာပြင်များနှင့် မထိပါစေနှင့်။
၅။ နားကို ၃ မိနစ်မှ ၅ မိနစ်အထိ စောင်းထားပါ သို့မဟုတ် နားထဲသို့
ပျော့ပျောင်းသော ဂွမ်းစတစ်ခု ထည့်ပါ။ သင့်ဆရာဝန် သို့မဟုတ်
ဆေးဝါးပညာရှင်မှ အကြံပြုသည့် မည်သည့်နည်းလမ်းကိုမဆို
လိုက်နာနိုင်ပါသည်။
ထပ်ဆောင်း သတင်းအချက်အလက်များ
အကယ်၍ နားအစက်ချဆေးရည်များကို ရေခဲသေတ္တာထဲတွင်
သိမ်းဆည်းထားရမည်ဆိုလျှင် ဆေးပုလင်းကို အသုံးမပြုမီ
တစ်မိနစ်မှ နှစ်မိနစ်ခန့် လက်ထဲတွင် ကိုင်ထားခြင်းဖြင့်
အအေးလျော့အောင် ပြုလုပ်သင့်ပါသည်။
၎င်းသည် အအေးဒဏ်ကြောင့်ဖြစ်ပေါ်နိုင်သည့် သင့်နားအတွင်း
မသက်မသာဖြစ်မှုများကို လျှော့ချပေးနိုင်ပါသည်။
နားသန့်စင်ဆေးရည် အသုံးပြုထားပါက နားရွက်ကို ၁၅ မိနစ်ခန့်
စောင်းပြီး ကုန်စင်အောင် ဖယ်ရှားပါ။
/gspeech}
ဘေးထွက်ဆိုးကျိုးများ
ဤဆေးသည် နားအူခြင်းကို ယာယီ ဖြစ်စေနိုင်ပါသည်။
ဆေးအား သိမ်းဆည်းနည်း
အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်ထက် မပိုသော၊ အလင်းရောင်မရှိသော
နေရာတွင် သိမ်းဆည်းပါ။
နားအစက်ချဆေးရည် သုံးစွဲရန်အညွှန်း